Saturday, June 09, 2007

Afraid mind

ကြောက်စိတ်

အလင်းကို ကြောက်

အမှောင်ကို ကြောက်

မမြင်ခြင်း မြင်ခြင်းကို ကြောက်

မကြားခြင်း ကြားခြင်းကို ကြောက်

ရနံ့ကရောက် အနံ့ကို ကြောက်

အရသာကို ဖောက် ကြောက်ပြီးရင်း ကြောက်

သာယာမှု ထိ၊မထိမှာ မှောက် ထပ်ပြီးတော့ ကြောက်

အာရုံမှာစွဲ သဲမှုန့်ထပ်ဝါး ဆံမျှင်မျှသေး သော်ငြား ပြတ်သားပုံကထင်ရှား

ကြောက်စိတ်က ပိုကြီးမား

ကြောက်ရဲရင် ကြောက်ကြည့်ပါလား ။


ကျွန်တော်တော့ ကြောက်တတ်သား

( ၅ )ပါးသော ကာမဂုဏ်များ ။

ပို ကာ ဆို လိုမည့်စကား

သန္ဓေတည် မွေးသေသွား

သံသရာကို

အဆုံးမဲ့စွာ

ကြောက်ပြီးသား ။

4 comments:

Layma said...

ဟုတ်ပ...ကြောက်စရာကြီး...
I hope u could escape from this fear....!!!

naing said...

လွတ်မယ် မထင်ပါ ဘူး ခင်ဗျာ ။ ဆုတောင်းပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ

pandora said...

ကြောက်တော့ ကြောက်ချင်သား။ ကြောက်ရမှာ ကြောက်နေတာ။ အဲဒါက ပိုကြောက်ဖို့ ကောင်းတယ်။

naing said...

ကြောက် ပြီး ရင်း ကြောက် ။

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်