Saturday, June 09, 2007

I and WaLone

ကျွန်တော် နှင့် ၀လုံး

ဘ၀ ကြီးသလား ၊ ငယ်သလား ။ ဘ၀ နိမ့် ၊ မြင့် ။ ဘ၀ ကြမ်းတမ်း ၊ သာယာ ။ ဘ၀ ဆိုး ၊ ကောင်း ။ ရာသီတွေပြောင်း အချိန်နှင့် ဆက်သ ။ ဆန္ဒ နှင့် ဘ၀ ထပ်တူကျ ရန် မဖြစ်နိုင် ။ ဆန္ဒ က ပတ်ဆင့် ကြီးနဲ့ ၊ *(န)ငယ်ကို ပီသအောင် ရေးပြလို့မရ ၊ သတ်ပုံစည်းက ထိန်းထားသေးသည်။* ဒီတော့ ဘ၀ကို မကျေနပ် ။ သို့သော် ( ဆ )လိမ် က အဆံနှင့် ၊ အကြံနှင့် ။ ဖျက်လို့ရလျှင် ဖျက်ချင်သည် ။ ကဖျက်ကချော် လုပ်ချင်သည်။ လွယ်သည် ။ (၂) လုံးသား အမုန်းမပွား တွဲလျှက်နေသော ( ၀ )ကို အောက်ရောက်ချင်ရောက် ဆွဲသည် ။ အပေါ်ကို လုံးကြီးတင်ချင်တင် ။ ခိုင်းခံမှ သိမယ် ၊ ရှေ့ဆောင်ပြဖို့ ဘယ် ညာ မှ အောက်ဆင်း (ေ ၊ ခ ) ပုံစံထွင်း ။ ဆန္ဒ၏ပြင်းပြမှု သို့နှင့်မပြီး ။ ဒေါသရှေ့ထား အမှားကို တံခွန်ထူ လောဘစစ်ကူ မောဟနှင့်အတူတွဲ ( ၀ )ကို ဓားနှင့်စပိုင်းပြီး အောက်ခြေပြတ်ကာ ( ဂ ) ဖြစ်ရရှာသည်။ ညာကို ပိုင်းတော့ ( င ) ဖြစ် ။ တည့်တည့်လက်သီးနှင့် ထိုးထည့်လိုက်သည် ။ ၀တ်ဆံတွေ တည်လို့ ( စ ) ပေါ်ရသည် ။ ခယ စေတော့လို့ ( ခ )ကို ကပ်စေ ဆလိမ် ( ဆ ) ။ ဒါပေသည့် ကြေနပ်အားရ ဟန်မပေါ် ။ ခေါင်းပုတ် နှာခေါင်းဆွဲ ခြေတွဲလဲ( ဋ ၊ဌ ၊ ဍ ) ဖြစ်လို့ ဖြစ် ။ နည်းပညာ အခက်အခဲကြောင့် ဒရင်မှုတ် ပီပီပြင်ပြင် မဖြစ်ရတဲ့ ( ၀ ) ။ ဟိုကပ်ရ ဒီမျက်နှာလုပ်ရ ( တ ၊ ထ ) ၊ ဆန္ဒရဲ့ ရိုက်ချက် ( ဒ ) ဒွေးလိုက် ၊ ( ဓ ) အောက်ချိုင့် လိုက်နဲ့ ။ ( ပ ) ပလက်ထားလို့ အားမရ ၊ ဖနောင့်နဲ့ပေါက် ( ဗ ) ၊ အလကားမထား အဆံထည့်သွား ( မ ) ။ ဒီလိုနဲ့ ပလက်ချင်းကပ်လိုက် ( ယ ) ၊ ရှေ့ဖြတ်ပေါ်လှီး ( သ ) ။ ( ဟ )လို့ ( ဠ ) လို့မတင်းတိမ် ၊ ( ဒ )ပုံကို အတူကပ်လို့ ( အ ) လိုက်ရသေး ။

မှတ်ချက် ။ ကျန်ရှိ အက္ခရာများ စာစဉ်များအား မေတ္တာရှေ့ထား ခွင့်လွှတ်လိုက်သည် ။ ဆန္ဒ များစွာဖြင့် ။

4 comments:

Tesla said...

:) ၀လုံးကို ဓါးနှင့်အောက်ကဖြတ်တယ် ဂ. ငယ်.. ဂ.. ငယ်ကို အောက်ကတွဲ ၀ ဆွဲ.. ဟေ့.. တ၀န်းပူတကောင် အမောက် ခဏထောင်..

naing said...

ကို က် က ဓားသိုင်း ပညာရှင် ကိုး ။း)

မေဓာဝီ said...

nice writing :)

naing said...

အားပေးတဲ့ အတွက် ကျေး ဇူး တင် ပါ တယ် ခင်ဗျာ ။

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်