Monday, June 25, 2007

Mind

မနောဝိညာဉ်


တောင်အရပ် နှင့် မြောက်အရပ် ဆန့်ကျင်သလို ဖြစ်နေတယ် ။ ပေါင်းဆုံ ထိစပ်မှု ဆုံမှတ်တော့ ရှိနေဆဲပါ ။ မင်းမြင်တဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ် ။ အရပ်မျက်နှာဆိုတဲ့ သတ်မှတ်ချက်အဖြစ်နဲ့ တွယ်ကပ်နေဆဲပါ ။ ဘယ်လောက်ဝေးဝေး ဘယ်လောက်ပြေးပြေး တွယ်ကပ်နေဆဲပါ ။ ဆုံမှတ်တစ်ခုမှာပေါ့ ။ စိတ်စေရာပေါ့ ။

-----

စိတ်ခံစားမှုက တက်လိုက်ကျလိုက် ဖြစ်နေတယ် ။ ဘ၀ဆိုတာ ဒီလိုပါပဲ ။ တက်ခြင်း ၊ ကျခြင်း မတူညီဘဲ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ် ။ ဖြစ်လိုက် ၊ ပျက်လိုက် သတ်မှတ်ချက်တွေ အဖြစ်နဲ့ တွယ်ကပ်ပြီး တွေးတောနေဆဲပါ ။ အဆုံးအစမရှိ ( အင်ဖနတီ ) တွယ်ကပ်နေဆဲပါ ။ ဆုံမှတ်တစ်ခုဖြစ်စေတဲ့ မနောဝိညာဉ်မှာပေါ့ ။

-----

ခံစားရတယ်ကွာ ။ ဒီလိုပါပဲ ။ တူမှမတူတာကိုး ။ အေးကွာ ဒီတိုင်းပါပဲ ။ နောက်ဆုံးတော့ ဘာမှ မဟုတ်ပါဘူးကွာ ။ ခံစားရတာပဲပေါ့ ။




2 comments:

Layma said...

ဆန့် ကျင်ဘက်အရပ်က လူတွေရဲ့ ဆုံမှတ်က online….ဆန့် ကျင်ဘက်အတွေးအခေါ်တွေရဲ့ ဆုံမှတ်က blog……..ဆိုရင် ဘယ်လိုသဘောရလဲ ???

naing said...

အတွေးပုံရိပ် ကမ္ဘာလောကကြီး တစ်ခုလုံး စိတ်ချမ်းသာကုန်ပြီ ။ သဘောတူပါတယ် ။

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်