Thursday, June 07, 2007

In the exam' room

စာမေးပွဲခန်းအတွင်း

စာမေးပွဲ အတွက် ပြင်ဆင်ကြသည် ။ အလုပ်အတွက် ပြင်ဆင်ကြသည် ။ လိုအပ်သည်များကို ကြိုတင် ပြုလုပ်ကြသည် ။ ဘ၀အတွက် ပြင်ဆင်ကြသည် ။ ဥပမာ စာကြည့်ခြင်း ။ လိုအပ်သော စာအုပ်စာပေ များစွာကို ဖတ်ရှုကြသည် ။ သင်ကြားမှု ဆိုင်ရာများစွာကို မှတ်သားကြသည်။ နောက် ဖတ် မှတ် အကြောင်းအရာများ ဦးနှောက်က ပြန်လည် အသုံးပြုနိုင်မှု ရှိမရှိ ပြန်လည် စမ်းစစ်ကြသည် ။ မေ့တတ်ရန်ကော ။ *မေ့တာလည်း ကောင်းသလို မမေ့ဘဲ မှတ်နိုင်စွမ်းတာလည်း ကောင်း၏* ။ အလုပ် ကို ပြင်ဆင်ရန် ဒီအလုပ်က ဖြစ်ပါ့မလား ။ ပြီးပါ့မလား ။ ဘယ်လို လုပ်ရင် ၊ အရင်က လုပ်ကိုင်ဖူး တာကတော့ ဘယ်ပုံ ။ ဒီလိုလေးတွေ ပြင်ဆင်ထားမယ် ။ အလေ့အထ သည် အလုပ်ကိုလည်း ပြီးစီးစေပြန်သည် ။ ဘ၀ ကို တည်ဆောက်ရန် ကိုယ်တိုင် မည်သို့ ကြိုးပမ်း နေထိုင်နေသည် ။ သူ့ဘ၀ နှင့် ကိုယ့်ဘ၀နဲ့ကိုယ် ။ ညှိနှိုင်းကြမယ် ။ ပြင်ဆင်ကြမယ် ။ အကောင်းဆုံးတွေ ဖန်တီးကြမယ် ။ မျှော်လင့်ခြင်း တွေ ရုပ်လုံး ပေါ်စေမယ် ။

သို့သော်…

သို့သော်…

သို့သော်…

စာမေးပွဲ ဖြေဆိုချိန် ။ ရောက်ရှိနေသော နေရာ သည် မိမိ ဦးနှောက် မှတ်သားဥာဏ် ၊ ပြင်ဆင်ခဲ့သော ပုံစံ အမျိုးမျိုးအား အသုံးချချိန် ။ စွမ်းအားအပြည့်အ၀နှင့် အသုံးပြုခြင်း မပြုလုပ်ခဲ့လျှင် … ။ စွမ်းသလောက် ကြိုးစားခဲ့ ကြလျှင် … ။ ရှုံး ၊ အောင် အဖြေ သည် ဒီအချိန်၌ မူတည်နေသည် ။

အလုပ် လုပ်ကိုင်ချိန် ။ လုပ်ကိုင်နေစဉ် ပြီးစီးရန် ဟူသော အချိန်ကို ငံ့လင့်စောင့်ဆိုင်း သည်။ လုပ်ထုံးလုပ်နည်း များဖြင့် လုပ်ကိုင် နေကြသည်။ စမ်းသပ်လုပ်ကိုင် နေကြသည်။ သတ်မှတ်မှု အချိန် တို ၊ ရှည် သည် အလုပ်ကို ပြီးစီးချိန် ၊ အလုပ် နားချိန် ဖြစ်သည် ။

ဘ၀ ။ ဘကုန်း ကို ၀လုံးလေး ကပ်ထားသည် ။ အဘကုန်းပါမှ ၀ကလုံးမယ့် သဘောလား ။ မောပမ်း ချိနဲ့ ခါးကုန်းချိန် မှ လုံးဝန်း ပြည့်စုံမယ့် သဘောလား ။ ပြင်ဆင်ချိန်တွေ ပြန်မရဘူး ။ အရောင်တွေ ပေစွန်းလို့ ။ နှိုင်းယှဉ် သိမှု တချို့ လွဲချော်ခဲ့လျှင် … ။ ပြင်ဆင်မှုတွေ ၊ မျှော်လင့်ခြင်းတွေ ပျက်စီးဆုံးရှုံး ။ အကောင်းဆုံးတွေ ဖန်တီးခဲ့ကြသည်။

No comments:

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်