Monday, June 04, 2007

Thu

သူ

သူ အကြောင်း မပြောပြခင် သူက .. *သူကြင်မှကိုယ်ကြင်* *ချင်းစိမ်းနဲ့မိတ်သလင်* *သူသည် ထာဝရ* *သူနှင့်သာ…* ။ ဒီလိုတွေ ပြောခဲ့ကြဖူးတယ် ။ အိမ်မှ သူက ဒီလိုမဟုတ် ။ စစချင်း နေ့စဉ်တွေ့ဆုံမှုတွေ ၊ ပြောကြားမှုတွေ ၊ နားထောင်မှတ်သားမှုတွေ နှင့်အတူ သူ ကြောင့် ရင်းနှီးကျွမ်းဝင် ဖြစ်ခဲ့ရသည် ။ သူ ကြောင့် အချိန်မှန် ။ လုပ်ဆောင်မှု တချို့ အိပ်ပျက်ခဲ့ရသည် ။ သူ နှင့် သူ့ကို အုပ်ထိန်းသူ အမြဲတွဲလျှက် မတွေ့ရတတ်ပါ။ အချိန်သတ်မှတ်ချက် ပေါင်းများစွာ ရှိကြသည်။ သူ့ အချိန် နှင့် သူ့သတ်မှတ်ချက် ။ အမျိုးအစားက လည်း အစုံစုံ ။ ကာလရွေ့လျားမှု က စကားပြော လာပါသည်။ သူ နှင့် တွေ့ဆုံမှု အတားအဆီး တချို့ ရှိခဲ့သည် ။ မဖြစ်မနေ ကျော်ဖြတ်ကြရသည် ။ သူ စောင့်မျှော်နေသည် ။ သူ နှင့် တွေ့ဆုံရန် ရက်အချို့ သတ်မှတ်ပေးခဲ့ကြသည် ။ ဥပမာ ဘယ်နေ့ ၊ ဘယ်နေရာ ၊ ဘယ်အချိန် စသည်ဖြင့် ။ ပြင်ဆင်မှု ပြုလုပ်ခဲ့ရသည် ။ သူ နှင့် တွေ့ဆုံမှု က အရေးကြီးသည် ။ ရင်ခုန်နှုန်း မြန်စေခဲ့သည် ။ ပျော်ရွင်ခြင်း ၊ စိတ်ရှုပ်ထွေးစေခြင်း ။ အချိန် အားလပ်သလို အသုံးချနိုင်မှု စွမ်းရည် တချို့ မြှင့်တင်ပေးနိုင်ခြင်း ၊ ကျဆုံးသော အခြေအနေများ ဖြစ်စေခြင်း ၊ အတွေးပွား ဦးနှောက်အလုပ်များ ပျင်းစေတတ်သော အရာများစွာ ယူလာပေးခြင်း ။ များစွာသော အခြေအနေများ သူ နှင့် မတွေ့ရချိန်မှာ ခဏချက်ချင်း စဉ်စပ်မပြတ် ဖြစ်လာခဲ့သည်။ ရင်ခုန်ရသည် ။ မျှော်လင့်ရသည် ။ ကြိုးစားရသည် ။ မောပမ်းရသည် ။ စားရသည် ။ အိပ်ရသည် ။ အနားပေးသလို ပျင်းရိခြင်းများ တွဲခိုခဲ့သည်။ သူ နှင့် တွေ့လျှင် ဘာပြောရလဲ ။ ဘာတွေ ဖြစ်လာနိုင် မလဲ ။ ဘာထပ် လုပ်ပေးရဦးမလဲ ။ သူ ကြင်နာမှ ကိုယ် ပျော်ရွင်နိုင်မည် ။ ဒီတော့ သူ့ ကို အရိပ် တကြည့်ကြည့် ကိုယ်နှင့်မကွာ ဖြစ်လာခဲ့သည် ။ အုပ်ထိန်းသူ ကြည်ဖြူလျှင် သူ နှင့် တွေဆုံချိန်တွင် ပျော်ရွင်ရသည် ။ သူက သဘောမနော ကောင်းခဲ့လျှင် ပိုမို ကြည်နူးရသည် ။ အကယ်၍သာ အုပ်ထိန်းသူ နှင့် သူက ကြင်နာမှု မပေးခဲ့လျှင် ကြေကွဲရသည် ။ ၀မ်းနည်းရသည် ။ စိတ်ပျက်စွာ ခံစားချက်မဲ့ သလို ဖြစ်ရသည် ။ * ကိုယ် ကြင် ၊ ကိုယ် ကြိုး ၊ ကိုယ် စိတ် ၊ ကိုယ် နိုင် ။ ကိုယ် ကြင်မှ သူကြင်မယ် ။ ကျောင်းသား နှင့် စာမေးပွဲ ။ လာကွယ့် ဖြေမယ် ။ ဘယ်နေ့လဲ ။ ­*

No comments:

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်