Wednesday, June 13, 2007

Voice

အသံ

အသံဖြစ်ပေါ်ရာ ဌာန် ၊ ကရိုဏ်း တို့ တည်နေမှု ၊ ပြောင်းလဲ လှုပ်ရှားမှု များမှ အသံ ဖြစ်ပေါ် လာသည် ။ အသံချို ၊ ပြာ ။ အသံနေ ၊ ထား ။ အသံကြား သနား ။ ခပ်ပြာပြာ အသံတချို့ ဘယ်နေသည် မသိ ။ ကြားရသော အသံက နားဝင်ပီယံ ။ ဒါက ကြားခါစ ။ *ချစ်စရာကောင်းလိုက်တာ* ။ အသံလေးကို ညွှန်းဆိုဖွဲ့ကြသည်။ သရ ၊ ဗျည်းတွေ ရွတ်ဆိုခဲ့ကြသည် ။ အေဘီစီ အင်္ဂလိပ် အက္ခရာတွေ လည်း ပါသည် ။ ပါဠိဘာသာ အချို့ပါဝင်ခဲ့သည်။ ရွတ်ဖတ်မှု သည်လည်း ဟန်နှင့် ၊ မာန်နှင့် ။ ချိုသည်လည်း ရှိ၏ ၊ အီသည်လည်း ရှိ၏ ။ မလှပသော ရွတ်ဆိုမှုများ လည်း ပါဝင်ခဲ့သည် ။ သို့တစေ အသံပြောင်းလဲမှုက အရွယ်ပြောင်းလဲမှုနောက် အမှီလိုက်ခဲ့ကြသည် ။ အသံသြသြ ၊ အသံဝါ၀ါ ၊ အသံ တွေ ရောင်စုံပြောင်းလဲကုန်ပြီ ။ အသံတွေလည်း ၀င်ခဲ့ ၊ တိမ်ခဲ့သည် ။ အသံတွေ လည်း နာခဲ့၏ ။ အသံတွေ ပျက် လည်ချောင်းတွေ အက်ကွဲကုန်သည် ။ အသံထားမှား အနေမတတ် ၊ ဆရာခက်တဲ့ အသံရှင်တွေ ဖြစ်ခဲ့ကြသည် ။ အသံတွေ ငြိမ် ၊ အားအင်တွေ ကုန် ၊ အသံတွေ တုန်မှ အေးချမ်းသာယာသော အသံ တချို့ကို ရှာဖွေလာခဲ့ကြသည်။ ကောင်းနိုးရာရာ အသံလေးများကို ထုတ်နုတ်တင်ပြ ပြောဆိုလာကြသည် ။ အသံပေါင်းစုံ တည်နေရာ တချို့ကို စွန့်လွှတ်ခြင်း ပြုလုပ်ခဲ့ကြသည် ။ အသံ တိတ်သော ၊ အသံ ငြိမ်းချမ်းမှု ပြည်စုံနိုင်သော နေရာကို ရှာဖွေ နေကြဆဲ ။ သို့သော် အသံသည် ဖြစ်ပေါ်ရာ ဌာန် ၊ ကရိုဏ်း တို့ တည်နေမှု ကိုယ်ခန္ဓာကို စိတ် ဖြစ်ပျက်မှု အပေါင်း စုံ၍ ပြောဆိုမှု အသံ ဖြစ်ပေါ်လာခဲ့ကြသည် ။ အသံ သည် ကြားခြင်း၌ လည်း တည်မှီနေသည် ။


လိုက်ကြမလား သူငယ်ချင်းတို့ ရေ

အခု အလုပ်တွေ ခဏထား

ဟိုဘက်က အသံတွေကြား

ထမင်းစားမယ် တဲ့ ဗျား။

ဒီဘက်က ခေါ်သေးတာ

အလည်သွားမယ် တဲ့ ဗျာ။

ဒီနားမှာ အသံထား

ထမင်းစားရင်း ကြား။

ဟိုဘက်က အသံများ

နားထောင်မှ ကြား။

ကြားခြင်း နှင့် အသံစုံ

အတွေး တောင်လိုပုံ

လိုက်ကြမလား သူငယ်ချင်းတို့ ရေ

အသံတွေ ခဏထား

စိတ်ငြိမ်ရပ်သို့ ဗျား ။

အိပ်ကြမည် ခဏတာ

သေရပ်သို့ ပါလား ။

ဟ ဟာ ဟား ။

ကြ ကြာ ကြား ။ အသံများ နားထောင်မှ ကြား ။ ပြောနေမှ အသံထွက်သဗျား ။

No comments:

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်