Friday, June 22, 2007

R , r

အာ

စက်ဝိုင်းတစ်ခု၏ အချင်းကို သတ်မှတ် (R) အဖြစ် သုံးစွဲသည် ။ အချင်းဝက် (r) သတ်မှတ်သောအခါ တန်ဖိုးတ၀က် ငယ်သွားသည်။

---

အီလက်ထရောနစ်ဆိုင်ရာ တွက်ချက်မှုများတွင် (R) ရီစစ်စတန့် ခုခံအားအဖြစ် သတ်မှတ်သည် ။ (r) ကို အတွင်းပိုင်း ခုခံအားအဖြစ် သတ်မှတ်သည် ။

---

ဆိုကြပါစို့ရဲ့။ လူတစ်ယောက် စိတ်ဖိစီးသောအခါ အသံမျိုးစုံထွက်၍ ခံစားချက်ကို ဖွင့်ထုတ်ကြသည်။ ထိုအခါ (အာ)ဟု မြန်မာစာ အသံထွက်လေး ပါဝင်သည်။ ရေး၊ရွတ်ဆို ဘယ်လိုပင် ခံစားရသည်ဖြစ်စေ အာ ဟု ပေါ်လာသည်။ ဒီတော့ အကြီးကြီးလား ၊ အသေးလေးလား ။ ရုတ်တရက်ချက်ချင်း ထွက်ပေါ်လာသော အာ သည် အကြီးကြီး ဖြစ်မည်ထင်ပါသည် ။ နောက် တွေဝေမှုများ ပါဝင်လာသော အာ သည် သေးငယ် သွားမည်ထင်ပါသည် ။

---

ကမ္ဘာသုံး ဘာသာ စကားမျိုးစုံ

ကြားနာ ဖတ်ရွတ် ရေးမှတ်သား

ရှည်တာလည်း ရှိမပေါ့ ။

တိုတာလည်း ရှိမပေါ့ ။

ဖွဲ့နွဲ့မှုလည်း တို ၊ ရှည်ပေါ့ ။

သတ်မှတ်မှုလည်း တူရင်တူ ၊ ကွဲရင်ကွဲ ပေါ့ ။

စိတ်ညစ်လို့များ မ အာ တတ်ရင်

နားလည်မှု သိတတ်မှုတွေ

ရှိခြင်း မရှိခြင်းတွေ

မေတ္တာတွေ (love)

သို့သော်

ဒီလူသား ကမ္ဘာအပြင်ဘက်မှာ နေထိုင်နေသည် ဟု စိတ်ခံစားနေလျှင် ဘယ်လို လုပ်ကြမလဲ ။

4 comments:

Layma said...

I can notice about R and r after reading ur post..thz for sharing ur thinking....

naing said...

ကျေးဇူး ။

pandora said...

အာ တယ်ဆိုတာ ကျီးအာသလိုတင်စားပြီး.. ဟာ ဒီကောင် လာအာနေတယ် ဆိုရင်.. ဆူညံဆူညံ လုပ်နေတယ်.. အလကား လျှောက်ပြောနေတယ်.. ဒီလိုရော စဉ်းစားလို့ ရမလား. အစ်ကိုရဲ့ သူငယ်ချင်းတစ်ယောက် အာကြီး လို့ ခေါ်တာ ကြားဖူးတယ်.. ဟဲ.

naing said...

ရွှေကျီးသာ လို့ ဧည့်လာ အိမ်သာယာသည် ။ ဒါက အကောင်း ။ အကောင်းအဆိုး အကုန် အာပွား တွေ ပဲ ကျွေးနေရင်တော့ အာလေးမဟုတ်တော့ ဘူး ။ အာ ကြီး ပဲ ။ အာကြီးဆိုသော နာမည်နှင့် လူတွေရှိပါတယ် ဟိ ။

About Me

My photo
Thank a lot! I hope you are nice @Home.
CBOX အော်ကြမယ်

အိမ်သူအိမ်သား page counter ယောက်ရှိနေပါတယ်